” မြင့်မြတ်ရဲ့နာမည်ကိုအလွဲသုံးစားလုပ်ပြီး မသမာသူများလိမ်လည်နေ “

မြင့်မြတ်က တော့ ဆယ်စုနှစ်တစ်ခုအကြာအာင်မြင်လာတဲ့ မင်းသားတစ်လက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်လို့ဆိုနိုင်ပါတယ်။ အမျိုးသားအနုပညာရှင်တွေထဲမှာလည်း ယောကျာ်းလေးပရိသတ်အများဆုံးမင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး ဟာသဖြစ်ဖြစ် ဒရမ်မာဖြစ်ဖြစ်ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့မင်းသားတစ်လက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေအားပေးတဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်ထားနိုင်ပဲ ဖြစ်ပါတယ်။

သူရိုက်ကူးခဲ့တဲ့ “ဂျင်းကောင်”ဆိုတဲ့ ဇာတ်ကားကို ကလေးလူကြီးမရွေးပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ပရိသတ်တွေကချစ်စနိုးနဲ့ “ဂျင်းကောင်” လို့ ခေါ်ဆိုကြတာပဲ ဖြစ်ပါတယ်။ ဂျင်းကောင်းကတော့ ချောမောလှတဲ့ဇနီး လေးနဲ့ တစ်ဦးတည်းသောမျိုးဆက်သစ် ” ဂျင်းကောင်လေး “ကို ပိုင်ဆိုင်ထားပြီး သာယာချမ်းမြေ့ဖွယ်ကာင်းတဲ့မိသားစုဘဝလေးကို တည်ထောင်ထားနိုင်တာပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ မြင့်မြတ်နာမည်နဲ့ မသမာသူတွေက ပြည်မြို့မှ ရတနာ မဉ္ဇူ ရီ မိဘမဲ့ ပရဟိတ ကျောင်းကို ဆန်လှူမာည်ဆိုပြီး လိမ်လည်ပြီး ပိုက်ဆံလှမ်းတောင်းသည်ဟုသိရပါတယ်။ ဆရာလေးက မယုံသဖြင့် ဟာသသရုပ်ဆောင်စိစိကို လှမ်းမေးရာ အမှန်တကယ်မဟုတ်ကြောင်းသိခဲ့ရတာပဲ ဖြစ်ပါတယ်။

ထို့အပြင် ဘုန်းကြီးကျောင်းနှစ်ကြောင်းကိုလည်း လိမ်လည်ပြီးပြီ ဖြစ်ကြောင်းသိရပါတယ်။” ကျွန်တော်ထပ်ပြီး မြင့်မြတ်မန်နေဂျာ ( အစစ် မောင် ??? ) ဆီ ဖုးံ ဆက်တော့မဟုတ်ကြောင်း ဒီကိစ္စ ကို မနက်ထဲက ဘုန်းကြီးကျောင်း နှစ်ကျောင်းအား လုပ်စားသွားကြောင်းသိရသဖြင့် ပြည်မြို့ဆရာ လေးအား မလွဲပေးရန်နဲ လိမ်လည်လုပ်စားနေကြောင်းသိသဖြင့် ပြည်မြို့မှာ ပြည်သစ္စာ အကူညီဖြင့် အသိပေး ရန်အကူညီတောင်းခံ ခဲ့ပါကြောင်း ဆရာလေးဆက်သွယ်သော ဖုန်းများအားလုံးမှာ ပြန်လည်ခေါ်ကြည့် ရာ စက်ပိတ်ထားပါသည်။လိမ်လည် လုပ်စားသူသည် ဆရာတော်ကြီးနာမည်အမျိုးမျိုးနဲ့ အနုပညာ နာမည် များကိုအလွဲသုးံစားလုပ်ပြီး လုပ်စားနေပါသဖြင့် သတိရှိ ပြီး တွေးခေါ်နိုင်ကျ စေရန်အသိပေးတင်ပြအပ်ပါသည် ” ဆိုပြီးသရုပ်စိစိရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း သတိရှိပြီး လိမ်လည်မှုတွေကနေ ရှောင်နိုင်ကြပါစေနော်။


Source : SiSi
Shwe Poe @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

admin