” (၂၅)ႏွစ္ေအာက္ မႏၲေလးသူ၊မႏၲေလးသားေတြရဲ႕ စကားအသုံးအႏႈန္းေလးေတြကို ေျပာျပဖို႔ ေမတၱာရပ္ခံလိုက္တဲ့ စိုင္းစိုင္းခမ္းလႈိင္”

စိုင္းစိုင္းခမ္းလႈိင္ကေတာ့ ေကာင္မေလးေတြရဲ႕ ပါးစပ္ဖ်ားမွာ ေနရာအျပည့္ယူႏိုင္တဲ့ အဆိုေတာ္သ႐ုပ္ေဆာင္တစ္ေယာက္ပဲျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ အၿပဳံးေလးေတြနဲ႔ စမတ္က်က်ေနထိုင္တတ္မႈေတြေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ ဝန္းရံမႈကိုလက္ခံရရွိေနတဲ့သူတစ္ေယာက္လို႔လည္း ေျပာရမွာပါ။ SAI cosmetix ကို ကိုယ္တိုင္ဦးစီးလုပ္ကိုင္ေနတဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။

 

 

 

စိုင္းစိုင္းနဲ႔ပိုးမမွီသာတို႔ရဲ႕ ပထဆုံး႐ုပ္ရွင္ဇာတ္ကားျဖစ္တဲ့ “ပိေတာက္ကတဲ့ဂီတ”ဆိုတဲ့ ႐ုပ္ရွင္ကို႐ိုက္ကူးမွာျဖစ္ၿပီးေတာ့ အကယ္ဒမီပိုင္ၿဖိဳးသုက နည္းျပတစ္ေယာက္အေနနဲ႔ ေလ့က်င့္သင္ၾကားေပးေနတာပဲျဖစ္ပါတယ္။ ဒီဇာတ္ကားေလးထဲက မႏၲေလးကို အေျခခံ႐ိုက္ကူးမယ့္ ဇာတ္ကားေလးျဖစ္တာေၾကာင့္ အေျပာအဆိုေတြကို သိခ်င္တဲ့အတြက္မႏၲေလးသူ၊မႏၲေလးသားမ်ားကို အကူအညီတစ္ခုေတာင္းခဲ့တာပဲျဖစ္ပါတယ္။

 

 

“ဒီေန႔ေခတ္ အသက္ (၂၀) အ႐ြယ္ဝန္းက်င္ မန္းသူေတြဟာ စကားေျပာရင္ ကြၽန္ေတာ္လို႔ သုံးႏႈန္းၾကပါသလားခင္ဗ်ာ။ညီမလို႔ေရာ သုံးႏႈန္းပါသလားခင္ဗ်ာ။ကိုယ့္ကိုယ္ကို ကြၽန္ေတာ္လို႔သုံးတဲ့ မန္းသူ (၂၅)ႏွစ္ေအာက္) ေတြနဲ႔ ကိုယ့္ကိုယ္ကို ညီမလို႔သုံးတဲ့မန္းသူ လူငယ္ အေရအတြက္ ဘယ္ဟာပိုမ်ားပါသလဲ ခင္ဗ်ာ။႐ုပ္ရွင္ထဲမွာ ဒီေန႔ေခတ္ အသုံးအႏႈန္းအတိုင္းျဖစ္ခ်င္လို႔ပါ။မန္းသူ/မန္းသားေတြပဲ ေျဖေပးဖို႔နဲ႔ တကယ္သိတဲ့သူေတြပဲေျဖၾကားေပးဖို႔ ေမတၱာရပ္ခံပါတယ္” ဆိုၿပီးေတာ့ မန္းသူ/မန္းသားေတြကို ေတာင္းဆိုထားတာကို သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွကေန ေဖာ္ျပထားခဲ့တာျဖစ္ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရာ မႏၲေလးသူ၊မႏၲေလးသားဆိုရင္ စိုင္းစိုင္းသိခ်င္တာကို ေျပာျပခဲ့ပါဦးေနာ္။

 


ခ်စ္သဲေမ @CeleGabar /Source : Sai Sai Kham Leng

ယူနီကုတ္ျဖင့္ဖတ္ရန္

” (၂၅)နှစ်အောက် မန္တလေးသူ၊မန္တလေးသားတွေရဲ့ စကားအသုံးအနှုန်းလေးတွေကို ပြောပြဖို့ မေတ္တာရပ်ခံလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်”

စိုင်းစိုင်းခမ်းလှိုင်ကတော့ ကောင်မလေးတွေရဲ့ ပါးစပ်ဖျားမှာ နေရာအပြည့်ယူနိုင်တဲ့ အဆိုတော်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ စမတ်ကျကျနေထိုင်တတ်မှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံမှုကိုလက်ခံရရှိနေတဲ့သူတစ်ယောက်လို့လည်း ပြောရမှာပါ။ SAI cosmetix ကို ကိုယ်တိုင်ဦးစီးလုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

စိုင်းစိုင်းနဲ့ပိုးမမှီသာတို့ရဲ့ ပထဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ပိတောက်ကတဲ့ဂီတ”ဆိုတဲ့ ရုပ်ရှင်ကိုရိုက်ကူးမှာဖြစ်ပြီးတော့ အကယ်ဒမီပိုင်ဖြိုးသုက နည်းပြတစ်ယောက်အနေနဲ့ လေ့ကျင့်သင်ကြားပေးနေတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲက မန္တလေးကို အခြေခံရိုက်ကူးမယ့် ဇာတ်ကားလေးဖြစ်တာကြောင့် အပြောအဆိုတွေကို သိချင်တဲ့အတွက်မန္တလေးသူ၊မန္တလေးသားများကို အကူအညီတစ်ခုတောင်းခဲ့တာပဲဖြစ်ပါတယ်။

“ဒီနေ့ခေတ် အသက် (၂၀) အရွယ်ဝန်းကျင် မန်းသူတွေဟာ စကားပြောရင် ကျွန်တော်လို့ သုံးနှုန်းကြပါသလားခင်ဗျာ။ညီမလို့ရော သုံးနှုန်းပါသလားခင်ဗျာ။ကိုယ့်ကိုယ်ကို ကျွန်တော်လို့သုံးတဲ့ မန်းသူ (၂၅)နှစ်အောက်) တွေနဲ့ ကိုယ့်ကိုယ်ကို ညီမလို့သုံးတဲ့မန်းသူ လူငယ် အရေအတွက် ဘယ်ဟာပိုများပါသလဲ ခင်ဗျာ။ရုပ်ရှင်ထဲမှာ ဒီနေ့ခေတ် အသုံးအနှုန်းအတိုင်းဖြစ်ချင်လို့ပါ။မန်းသူ/မန်းသားတွေပဲ ဖြေပေးဖို့နဲ့ တကယ်သိတဲ့သူတွေပဲဖြေကြားပေးဖို့ မေတ္တာရပ်ခံပါတယ်” ဆိုပြီးတော့ မန်းသူ/မန်းသားတွေကို တောင်းဆိုထားတာကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှကနေ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရော မန္တလေးသူ၊မန္တလေးသားဆိုရင် စိုင်းစိုင်းသိချင်တာကို ပြောပြခဲ့ပါဦးနော်။
ချစ်သဲမေ @CeleGabar /Source : Sai Sai Kham Leng

admin