

 

 


 

 


 



ယူနီကုတ်ဖြင့်ဖတ်ရန်

” မဟာဃောသိတာရုံစေတီတော်ကြီးကို ပြန်လည်ပြုပြင်ရန် သိန်း (၁၅၀၀)လှူဒါန်းခဲ့တဲ့ နန္ဒာလှိုင်”

နန္ဒာလှိုင်ကတော့ အောင်မြင်နေတဲ့ ဝါရင့်အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ ကျရာကာရိုက်တာကို ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို လက်ခံရရှိနေတာလည်းဖြစ်ပါတယ်။ သူမရဲ့ တစ်နေ့တာဖြတ်သန်းမှုတွေကို လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကို ရင်ဖွင့်ပြောပြတတ်သူတစ်ဦးလို့လည်းဆိုနိုင်ပါတယ်။ ယခုအခါမှာတော့ မဟာဃောသိတာရုံစေတီတော်ကြီးကို ပြန်လည်ပြုပြင်ရန် (၁၅၀၀)လှူဒါန်းခဲ့တယ်ဆိုတာကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

 

“(၆၅၀)ဆူမြောက် ထီးတော်ဟောင်းအား ထီးစေတီအသစ်တည်ထားကိုးကွယ်ခြင်း အခမ်းအနားမှာ ဇေကမ္ဘာကုမ္ပဏီ ဒုဥက္ကဌ ဦးဇေသီဟ နှင့် ဇနီး ဒေါ်နန္ဒာလှိုင် မိသားစုကနေ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာရှိ ကောဏာဂုံမြတ်စွာဘုရားသီတင်းသုံးတော်မူခဲ့ဘူးသောကျောင်းမြေနေရာတွင် တည်ထားကိုးကွယ်ခဲ့သော မဟာဃောသိတာရုံစေတီတော်ကြီးကို ပြန်လည်ပြုပြင်ရန်နှင့် ကမ်းပါးပြိုကျမှုမရှိစေရန်အတွက် မြေထိန်းနံရံတည်ဆောက်ရန် ငွေကျပ်သိန်း (၁၅၀၀) အား တိုင်းဝန်ကြီးချုပ်ထံလှူဒါန်းပေးအပ်ခဲ့တာကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ပရိသတ်တွေကို သာဓုခေါ်နိုင်အောင် မျှဝေထားတာဖြစ်ပါတယ်။

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အလှူတွေပြုလုပ်နေတဲ့ နန္ဒာလှိုင် တို့မိသားစုအတွက် သာဓုခေါ်ခဲ့ပါဦးနော်။
ချစ်သဲမေ @CeleGabar /Source : Nandar Hlaing

admin