မြေးမလေးမွေးဖွားနေတုန်း ရင်တုန်ခဲ့ရတဲ့ အကြောင်း ပြောလာတဲ့ စန္ဒီမြင့်လွင်မိခင်

နိုင်ငံကျော် အဆိုတော်မလေး စန္ဒီမြင့်လွင်ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက လူငယ်အဆိုတော်များစွာထဲမှာ အောင်မြင်မှုများစွာ ရရှိထားသူလေး ဆိုလည်း မမှားပါဘူး ။သူမရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေ ရဲ့ အကြိုက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စန္ဒီမြင့်လွင်က သမီးလေးကို မွေးဖွားလိုက်တာပါ။ စန္ဒီမြင့်လွင်မိခင်က သမီးလေး မွေးဖွားနေတုန်း ရင်တုန်ခဲ့ရတယ်လို့ ပြောတဲ့အကြောင်းကို မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ဖော်ပြပေး လိုက်ပါတယ်။

ဒီနေ့ 12:45:28 Sunday မှာ တော့ စန္ဒီမြင့်လွင်တို့ရဲ့ သမီးလေး Treasure ဟာ လူ့လောကထဲရောက်လာခဲ့ပါပြီ ။ သမီးလေးက ချစ်စရာကောင်းပြီး 6lb ရှိတယ်လို့ သိရပါတယ်။စန္ဒီမြင့်လွင် မိခင်က မြေးလေး ကို အောင်မြင်စွာ မွေးဖွားနိုင်လို့ အတိုင်းမသိ ဝမ်းသာနေတဲ့ အကြောင်းကို ခုလို ပြောထားပါတယ်။

စန္ဒီမြင့်လွင် မိခင်က ” Happy Birthday🎂 မြေးမလေးထရက်ရှာကိုအောင်မြင်စွာမွေးဖွားပီးပါပီဖွားဖွားကြီးရဲ့ရင်တုန်မှုကိုပြောမပြတတ်အောင်ပါပဲမေမေရောသမီးလေးပါကျန်းမာကြပါတယ်ဖအေနဲ့တပုံစံထဲရှင့်ခွဲခန်းထဲထိလိုက်ပါစောင့်ရှောက်တဲ့တူမကြီးစိုးစိုးကျေးဇူးပါ တနင်္ဂနွေသမီးလေးပါရှင့်” ဆိုပြီးပြောထားပါတယ်။

မြေးမလေးက ဖခင်ဖြစ်သူ နဲ့ တူတယ်လို့လည်း ပြောထားပြီး စန္ဒီမြင့်လွင် မွေးဖွားနေတဲ့အချိန် အစ်မကြီးဖြစ်တဲ့ စိုးမြတ်သူဇာ က အနားမှာနေပေးပြီး စောင့်ရှောက်ပေးတယ်လို့သိရပါတယ်။

စန္ဒီမြင့်လွင် မိခင်က မြေးမလေး လူ့လောကထဲရောက်လာလို့ ပျော်ရွှင်ဝမ်းသာနေတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay

Source;Thidar khin

admin