“ဘဝရဲ႕အလုပ္ခ်င္ဆုံးအလုပ္တစ္ခုျဖစ္တဲ့ ဒုလႅဘရဟန္းဝတ္ျခင္းကို လုပ္ခဲ့ၿပီးလို႕ ပီတိျဖစ္ေနတဲ့ ေအာင္ထက္ “

ေအာင္ထက္ကေတာ့ ျပည္သူခ်စ္အႏုပညာရွင္အဆိုေတာ္တစ္ဦးပဲ ျဖစ္ပါတယ္။” အိပ္မက္ဆံုရာ ရာသက္ပန္ Season (1 ) Winner ဆုကိုရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ကေလးလူႀကီးမေရြးအားေပးျခင္းခံရၿပီး အသံပါဝါေကာင္းေကာင္းနဲ႔ ပရိသတ္ေတြကိုေဖ်ာ္ေျဖတင္ဆက္ႏုိင္တဲ့ အဆိုေတာ္တစ္ဦးဆိုလည္းမမွားပါဘူးေနာ္။ သူသီဆိုထားတဲ့ သီခ်င္းေတြကေတာ့ ပရိသတ္ေတြရင္ထဲကိုေရာက္႐ွိၿပီး ပရိသတ္ေတြပါးစပ္ဖ်ားမွာေရပန္းစားတဲ့သီခ်င္းေတြရဲ႕အဆိုပိုင္႐ွင္တစ္ဦးလည္းျဖစ္ပါတယ္။႐ုိးသားပြင့္လင္းၿပီး ပရိသတ္အေပၚ ေလးစားမႈ႐ွိတဲ့ အဆို႐ွင္ျဖစ္တာမို႔ ေအာင္ျမင္မႈကို ထိန္းထားႏုိင္တဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ျပည္တြင္းသာမက ျပည္ပေရာက္ျမန္မာပရိသတ္ေတြပါအားေပးဝန္းရံျခင္းခံရသူလည္းျဖစ္ပါတယ္။လတ္တေလာမွာေတာ့ အႏုပညာအလုပ္ေတြကိုဆက္တိုက္လုပ္ေဆာင္ေနၿပီး သီခ်င္ေတြအျပင္ ေၾကာ္ျငာေတြပါ႐ုိက္ကူးလာၿပီးပဲ ျဖစ္ပါတယ္။ ေအာင္ထက္သီဆိုထားတဲ့”အခ်စ္ေတးကဗ်ာ ” သီခ်င္းအျပင္ ”သဘာဝနဲ႔ေတြ ့ဆံု ျခင္း “သီခ်င္းေတြကေတာ့ ပရိသတ္အားအေပးဆံုး သီခ်င္းေတြျဖစ္ၿပီး ေအာင္ထက္ဆိုတာနဲ႔ ထိုသီခ်င္းေတြကိုတြဲျမင္ၾကတာပဲ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ သူဟာသာသနာ့ေဘာင္ထဲကိုဝင္ၿပီး ရဟန္းဝတ္ကာ လူ ျပန္ထြက္လာၿပီပဲ ျဖစ္ပါတယ္။ “ဘဝရဲ႕အလုပ္ခ်င္ဆုံးအလုပ္ေတြထဲက ဒုလႅဘရဟန္းဝတ္ျခင္း
လုပ္ခဲ့ၿပီးလို႔ ေက်နပ္ပီတိျဖစ္မိတယ္ဗ်ာ” ဆိုၿပီး သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။ CeleGabarပရိသတ္ႀကီးလည္း ေအာင္ထက္ရဲ႕သာသနာ့အလွဴအတြက္ သာဓုေခၚခဲ့ပါဦးေနာ္။


Source : Aung Htet
Shwe Poe @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

“ဘဝရဲ့အလုပ်ချင်ဆုံးအလုပ်တစ်ခုဖြစ်တဲ့ ဒုလ္လဘရဟန်းဝတ်ခြင်းကို လုပ်ခဲ့ပြီးလို့ ပီတိဖြစ်နေတဲ့ အောင်ထက် ”

အောင်ထက်ကတော့ ပြည်သူချစ်အနုပညာရှင်အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။” အိပ်မက်ဆုံရာ ရာသက်ပန် Season (1 ) Winner ဆုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကလေးလူကြီးမရွေးအားပေးခြင်းခံရပြီး အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကိုဖျော်ဖြေတင်ဆက်နိုင်တဲ့ အဆိုတော်တစ်ဦးဆိုလည်းမမှားပါဘူးနော်။ သူသီဆိုထားတဲ့ သီချင်းတွေကတော့ ပရိသတ်တွေရင်ထဲကိုရောက်ရှိပြီး ပရိသတ်တွေပါးစပ်ဖျားမှာရေပန်းစားတဲ့သီချင်းတွေရဲ့အဆိုပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။ရိုးသားပွင့်လင်းပြီး ပရိသတ်အပေါ် လေးစားမှုရှိတဲ့ အဆိုရှင်ဖြစ်တာမို့ အောင်မြင်မှုကို ထိန်းထားနိုင်တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပြည်တွင်းသာမက ပြည်ပရောက်မြန်မာပရိသတ်တွေပါအားပေးဝန်းရံခြင်းခံရသူလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေပြီး သီချင်တွေအပြင် ကြော်ငြာတွေပါရိုက်ကူးလာပြီးပဲ ဖြစ်ပါတယ်။ အောင်ထက်သီဆိုထားတဲ့”အချစ်တေးကဗျာ ” သီချင်းအပြင် ”သဘာဝနဲ့တွေ့ဆုံ ခြင်း “သီချင်းတွေကတော့ ပရိသတ်အားအပေးဆုံး သီချင်းတွေဖြစ်ပြီး အောင်ထက်ဆိုတာနဲ့ ထိုသီချင်းတွေကိုတွဲမြင်ကြတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူဟာသာသနာ့ဘောင်ထဲကိုဝင်ပြီး ရဟန်းဝတ်ကာ လူ ပြန်ထွက်လာပြီပဲ ဖြစ်ပါတယ်။ “ဘဝရဲ့အလုပ်ချင်ဆုံးအလုပ်တွေထဲက ဒုလ္လဘရဟန်းဝတ်ခြင်း
လုပ်ခဲ့ပြီးလို့ ကျေနပ်ပီတိဖြစ်မိတယ်ဗျာ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleGabarပရိသတ်ကြီးလည်း အောင်ထက်ရဲ့သာသနာ့အလှူအတွက် သာဓုခေါ်ခဲ့ပါဦးနော်။

Source : Aung Htet
Shwe Poe @CeleGabar

 

admin