” တိုင္းမ္ထရာဗယ္လာတစ္ေယာက္ပါဆိုၿပီး ပရိသတ္ကို အရႊန္းေဖာက္လိုက္တဲ့ G Fatt “

လူငယ္ပရိသတ္ေတြအၾကားမွာ အရမ္းကို ေအာင္ျမင္လာၿပီး we Love Fan ေတြရဲ႕ ခ်စ္ခင္ႏွစ္သက္ျခင္းကို အျပည့္အဝရရွိေနတဲ့ အဆိုေတာ္ G Fatt ကေတာ့ တျခားလူေတြ အားက်ေလာက္ေအာင္ တစ္ဟုန္ထိုးေအာင္ျမင္လာတဲ႕အဆိုရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။စာသားေတြထိထိမိမိနဲ႕ပရိသတ္ေတြရင္ထဲေရာက္ေစတဲ့အေရးအသားေတြနဲ႕ ပရိသတ္ေတြကို ဆြဲေဆာင္ထားႏုိင္တဲ့သူတစ္ေယာက္ဆိုလည္းမမွားပါဘူးေနာ္။ ပရိသတ္ေတြကလည္း နႈတ္ခမ္းနီမေလးေတြတင္အားေပးတာမဟုတ္ဘဲ လူငယ္အမ်ိဳးသားေတြပါ အားေပးခံရတဲ့အဆိုရွင္တစ္ဦးပဲ ျဖစ္ပါတယ္။

အခ်စ္ေရးမွာလည္းခ်စ္စရာေကာင္းတဲ့ ကျပားမေလး မမနန္းစု နဲ႕ သာယာတဲ့ အခ်စ္ေရးကိုပိုင္ဆိုင္ထားတာျဖစ္ၿပီးျမန္မာႏုိင္ငံက အႏုပညာရွင္စံုတြဲေတြထဲမွာပရိသတ္ေတြလက္ခံအားေပးၿပီး လိုက္ဖက္ညီတဲ့ စံုတြဲတစ္တြဲပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ Idol Couple အျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ ဒိတ္ဒိတ္ၾကဲ အႏုပညာရွင္စုံတြဲေလးေတြထဲမွာေတာ့ မနဲ႔ေမာင္စုံတြဲေလးျဖစ္တဲ့ G Fatt နဲ႔ နန္းဆုတို႕ႏွစ္ေယာက္လည္းအပါအဝင္ပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအႏွံ႔ Show ပြဲေတြကိုလည္း လိုက္လံေသီဆိုေနရတဲ့ ျမန္မာတစ္ႏုိင္ငံလံုးကအားေပးရတဲ့ ႏုိင္ငံေက်ာ္အဆိုရွင္တစ္ဦးပဲ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ သူ႕ရဲ႕ ခ်စ္ပရိသတ္ေတြက တရုတ္ကားတစ္ကားမွာပါဝင္တဲ့ ဇာတ္ကားထဲက တစ္ေယာက္နဲ႕တူေၾကာင္း ပံုေလးေတြလာလာပို႕ၾကတယ္လို႕သိရၿပီး ” လာပို႔က်လြန္းလို႔ ေျပာျပပါေတာ့မယ္။ ကၽြန္ေတာ္ တိုင္းမ္ထရာဗယ္လာ ပါ “ဆိုၿပီး ပံုေလးနဲ႕အတူပရိသတ္ေတြကို ျပန္အရႊန္းေဖာက္ထားတာပဲ ျဖစ္ပါတယ္။ CeleGabar ပရိသတ္ႀကီးေရာ G Fattကိုအားေပးရင္မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source: G Fatt
Shwe Poe@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” တိုင်းမ်ထရာဗယ်လာတစ်ယောက်ပါဆိုပြီး ပရိသတ်ကို အရွှန်းဖောက်လိုက်တဲ့ G Fatt ”

လူငယ်ပရိသတ်တွေအကြားမှာ အရမ်းကို အောင်မြင်လာပြီး we Love Fan တွေရဲ့ ချစ်ခင်နှစ်သက်ခြင်းကို အပြည့်အဝရရှိနေတဲ့ အဆိုတော် G Fatt ကတော့ တခြားလူတွေ အားကျလောက်အောင် တစ်ဟုန်ထိုးအောင်မြင်လာတဲ့အဆိုရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။စာသားတွေထိထိမိမိနဲ့ပရိသတ်တွေရင်ထဲရောက်စေတဲ့အရေးအသားတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ ပရိသတ်တွေကလည်း နှုတ်ခမ်းနီမလေးတွေတင်အားပေးတာမဟုတ်ဘဲ လူငယ်အမျိုးသားတွေပါ အားပေးခံရတဲ့အဆိုရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

အချစ်ရေးမှာလည်းချစ်စရာကောင်းတဲ့ ကပြားမလေး မမနန်းစု နဲ့ သာယာတဲ့ အချစ်ရေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီးမြန်မာနိုင်ငံက အနုပညာရှင်စုံတွဲတွေထဲမှာပရိသတ်တွေလက်ခံအားပေးပြီး လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ Idol Couple အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်စုံတွဲလေးတွေထဲမှာတော့ မနဲ့မောင်စုံတွဲလေးဖြစ်တဲ့ G Fatt နဲ့ နန်းဆုတို့နှစ်ယောက်လည်းအပါအဝင်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနှံ့ Show ပွဲတွေကိုလည်း လိုက်လံသေီဆိုနေရတဲ့ မြန်မာတစ်နိုင်ငံလုံးကအားပေးရတဲ့ နိုင်ငံကျော်အဆိုရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူ့ရဲ့ ချစ်ပရိသတ်တွေက တရုတ်ကားတစ်ကားမှာပါဝင်တဲ့ ဇာတ်ကားထဲက တစ်ယောက်နဲ့တူကြောင်း ပုံလေးတွေလာလာပို့ကြတယ်လို့သိရပြီး ” လာပို့ကျလွန်းလို့ ပြောပြပါတော့မယ်။ ကျွန်တော် တိုင်းမ်ထရာဗယ်လာ ပါ “ဆိုပြီး ပုံလေးနဲ့အတူပရိသတ်တွေကို ပြန်အရွှန်းဖောက်ထားတာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရော G Fattကိုအားပေးရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: G Fatt
Shwe Poe@CeleGabar

admin