“ကိုကိုနဲ႔သရဲကားၾကည့္ရတဲ့ ခံစားခ်က္ကို Romantic ဆန္ဆန္ ရင္ဖြင့္လိုက္တဲ့ ပိုင္ၿဖိဳးသု “

သုသုလို႔ခ်စ္စႏိုးေခၚတဲ့ ပိုင္ၿဖိဳးသုကေတာ့ ခ်စ္စရာေကာင္းၿပီး ေအာင္ျမင္ေနတဲ့ သ႐ုပ္ေဆာင္အႏုပညာရွင္ေတြထဲက တစ္ေယာက္အပါအဝင္ပဲျဖစ္ပါတယ္။ ကေလးတစ္ေယာက္လို႔ ဆိုးလို႔ရၿပီးေတာ့ ကိုကိုနဲ႔ သာယာစရာေကာင္းတဲ့ မိသားစုေလးကို ပိုင္ဆိုင္ရရွိထားတဲ့ သူတစ္ေယာက္လို႕ ေျပာရမွာပါ။ ျမင္သူေတြကို အားက်ေစမယ့္ ဇနီးေမာင္ႏွံစုံတြဲေလးလို႔လည္း ေျပာရမွာပါ။

 

 

 

“Frequency’ႀကိမ္ႏႈန္း” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားကို သြားေရာက္ၾကည့္႐ူ႕ခဲ့တာျဖစ္ၿပီးေတာ့ ဒီဇာတ္ကားေလးကို ၾကည့္ေနရတဲ့ အခ်ိန္ထိတ္လန႔္စရာေကာင္းၿပီး စိတ္လႈပ္ရွားမႈေတြကို ရင္ဖြင့္ေျပာျပခဲ့တာျဖစ္ပါတယ္။ Frequency’ႀကိမ္ႏႈန္းဆိုတဲ့ ဇာတ္ကားမွာ အကယ္ဒမီ ထြန္းအိျႏၵာဗိုလ္၊ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္တို႔က ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ၿပီးေတာ့ (၁၉) ရာစုက အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အေၾကာင္းကို အဓိက႐ိုက္ကူးထားတာျဖစ္ပါတယ္။

 

 

“Frequency’ႀကိမ္ႏႈန္း’႐ုပ္ရွင္သြား‌ေၾကာက္(အဲေလ)သြားၾကည့္တုန္းက သူမ်ားေတြမ်ားသူတို႔ ကိုကိုေတြနဲ႔သရဲကားၾကည့္ရင္ ‘ကိုကိုေခး‌ေၾကာက္တယ္’ ‘မ‌ေၾကာက္နဲ႔ေခး ကိုကိုရွိတယ္’ ဘာညာနဲ႔ဖက္ေပးထားရတာနဲ႔ဘာနဲ႔ သာယာၾကတာ။ ေဒၚသုမ်ား ဦးေရခဲနဲ႔သရဲကားအတူၾကည့္ရင္ ႐ုပ္ရွင္ထဲကသရဲက‌ေျခာက္တာတစ္မ်ိဳး ေဘးကဦးေရခဲကလွန႔္တာတစ္မ်ိဳးနဲ႔ ႐ုံထဲမွာေသမလို‌ေၾကာက္ရတာခ်ည္းပဲ။အဲ့လိုလူႀကီးမ်ိဳးဆိုရင္ေတာ့ အေစာထဲကေခၚမသြားနဲ႔ တစ္ေယာက္ထဲသာအရဲစြန႔္သြားၾကည့္ၾကပါလို႔”ဆိုၿပီးေတာ့ သူမရဲ႕ ကိုကိုနဲ႔ ႐ုပ္ရွင္ၾကည့္ရတဲ့ ၾကည္ႏူးစရာေလးကို ခ်စ္စဖြယ္ေျပာျပခဲ့တာျဖစ္ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ ေဘးကဦးေရခဲလို ေျခာက္တတ္တဲ့ လူမ်ိဳးနဲ႔ သရဲကားအတူမၾကည့္ဖို႔ ဒၚသုရဲ႕ အႀကံေပးခ်က္အေပၚ မွတ္ခ်က္ေလး ေျပာျပခဲ့ပါဦး။

 

ခ်စ္သဲေမ @CeleGabar /Source : Paing Phyoe Thu

ယူနီကုတ္ျဖင့္ဖတ္ရန္

“ကိုကိုနဲ့သရဲကားကြည့်ရတဲ့ ခံစားချက်ကို Romantic ဆန်ဆန် ရင်ဖွင့်လိုက်တဲ့ ပိုင်ဖြိုးသု ”

သုသုလို့ချစ်စနိုးခေါ်တဲ့ ပိုင်ဖြိုးသုကတော့ ချစ်စရာကောင်းပြီး အောင်မြင်နေတဲ့ သရုပ်ဆောင်အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ ကလေးတစ်ယောက်လို့ ဆိုးလို့ရပြီးတော့ ကိုကိုနဲ့ သာယာစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ရရှိထားတဲ့ သူတစ်ယောက်လို့ ပြောရမှာပါ။ မြင်သူတွေကို အားကျစေမယ့် ဇနီးမောင်နှံစုံတွဲလေးလို့လည်း ပြောရမှာပါ။

“Frequency’ကြိမ်နှုန်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို သွားရောက်ကြည့်ရူ့ခဲ့တာဖြစ်ပြီးတော့ ဒီဇာတ်ကားလေးကို ကြည့်နေရတဲ့ အချိန်ထိတ်လန့်စရာကောင်းပြီး စိတ်လှုပ်ရှားမှုတွေကို ရင်ဖွင့်ပြောပြခဲ့တာဖြစ်ပါတယ်။ Frequency’ကြိမ်နှုန်းဆိုတဲ့ ဇာတ်ကားမှာ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီးတော့ (၁၉) ရာစုက အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းကို အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။

“Frequency’ကြိမ်နှုန်း’ရုပ်ရှင်သွား‌ကြောက်(အဲလေ)သွားကြည့်တုန်းက သူများတွေများသူတို့ ကိုကိုတွေနဲ့သရဲကားကြည့်ရင် ‘ကိုကိုခေး‌ကြောက်တယ်’ ‘မ‌ကြောက်နဲ့ခေး ကိုကိုရှိတယ်’ ဘာညာနဲ့ဖက်ပေးထားရတာနဲ့ဘာနဲ့ သာယာကြတာ။ ဒေါ်သုများ ဦးရေခဲနဲ့သရဲကားအတူကြည့်ရင် ရုပ်ရှင်ထဲကသရဲက‌ခြောက်တာတစ်မျိုး ဘေးကဦးရေခဲကလှန့်တာတစ်မျိုးနဲ့ ရုံထဲမှာသေမလို‌ကြောက်ရတာချည်းပဲ။အဲ့လိုလူကြီးမျိုးဆိုရင်တော့ အစောထဲကခေါ်မသွားနဲ့ တစ်ယောက်ထဲသာအရဲစွန့်သွားကြည့်ကြပါလို့”ဆိုပြီးတော့ သူမရဲ့ ကိုကိုနဲ့ ရုပ်ရှင်ကြည့်ရတဲ့ ကြည်နူးစရာလေးကို ချစ်စဖွယ်ပြောပြခဲ့တာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဘေးကဦးရေခဲလို ခြောက်တတ်တဲ့ လူမျိုးနဲ့ သရဲကားအတူမကြည့်ဖို့ ဒါ်သုရဲ့ အကြံပေးချက်အပေါ် မှတ်ချက်လေး ပြောပြခဲ့ပါဦး။
ချစ်သဲမေ @CeleGabar /Source : Paing Phyoe Thu

admin