ညီဝမ်းကွဲ သက်အောင်ရဲ့ မင်္ဂလာပွဲမှာ အရံတွေအဖြစ် ကူညီပေးခဲ့ကြတဲ့ ထွန်းထွန်းနဲ့ စံရတီမိုးမြင့်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

Examplez အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အဆိုတော် သက်အောင်ကတော့ သူချစ်မြတ်နိုးရတဲ့ ကောင်မလေးနဲ့ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့လေးမှာ မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

တစ်ခေတ်တခါက နာမည်ကျော် လူကြိုက်များတဲ့ Examplez အဖွဲ့လေးဟာ ပရိသတ်တွေနဲ့ ထပ်တူကျတဲ့ သီချင်းကောင်းမြောက်မြားစွာကို ဖန်တီးရေးသားသီဆိုခဲ့ကြပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ သက်အောင်က ချစ်သူ စံထက်အောင်ဝင်းနဲ့ ထိမ်းမြားလက်ထပ်မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ သူတို့ (၂) ဦးရဲ့ မင်္ဂလာပွဲကို ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲလေးကိုတော့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ထွန်းထွန်း၊ ထူးကျော်နဲ့ ဖြိုးမောင်မောင်တို့ လည်း တက်ရောက်လာတာကို စုံစုံညီညီနဲ့ တွေ့ရတာဖြစ်ပါတယ်။ (၉) နှစ်ကြာလက်တွဲလာခဲ့တဲ့ ချစ်သူ (၂) ဦးရဲ့ မင်္ဂလာပွဲလေးကို ထွန်းထွန်းနဲ့ စံရတီမိုးမြင့်တို့ကလည်း အရံတွေအဖြစ် ပါဝင်အားဖြည့် ကူညီပေးခဲ့ကြပါသေးတယ်။

နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သက်အောင်တို့ရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။We Love Cele

Photos-Facebook

Zawgyi ျဖင့္ဖတ္ပါ
★★★★★

Examplez အဖြဲ႕ရဲ႕ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ အဆိုေတာ္ သက္ေအာင္ကေတာ့ သူခ်စ္ျမတ္ႏိုးရတဲ့ ေကာင္မေလးနဲ႔ ယေန႔ ႏိုဝင္ဘာလ ၉ ရက္ေန႔ေလးမွာ မဂၤလာပြဲက်င္းပခဲ့တာျဖစ္ပါတယ္။

တစ္ေခတ္တခါက နာမည္ေက်ာ္ လူႀကိဳက္မ်ားတဲ့ Examplez အဖြဲ႕ေလးဟာ ပရိသတ္ေတြနဲ႔ ထပ္တူက်တဲ့ သီခ်င္းေကာင္းေျမာက္ျမားစြာကို ဖန္တီးေရးသားသီဆိုခဲ့ၾကပါတယ္။ ဒီေန႔ ႏိုဝင္ဘာလ ၉ ရက္ေန႔မွာေတာ့ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ သက္ေအာင္က ခ်စ္သူ စံထက္ေအာင္ဝင္းနဲ႔ ထိမ္းျမားလက္ထပ္မဂၤလာပြဲက်င္းပခဲ့တာျဖစ္ပါတယ္။ သူတို႔ (၂) ဦးရဲ႕ မဂၤလာပြဲကို ျပည္လမ္းရွိ ႏိုဗိုတယ္ဟိုတယ္မွာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲေလးကိုေတာ့ အဖြဲ႕ဝင္ေတြျဖစ္ၾကတဲ့ ထြန္းထြန္း၊ ထူးေက်ာ္နဲ႔ ၿဖိဳးေမာင္ေမာင္တို႔ လည္း တက္ေရာက္လာတာကို စုံစုံညီညီနဲ႔ ေတြ႕ရတာျဖစ္ပါတယ္။ (၉) ႏွစ္ၾကာလက္တြဲလာခဲ့တဲ့ ခ်စ္သူ (၂) ဦးရဲ႕ မဂၤလာပြဲေလးကို ထြန္းထြန္းနဲ႔ စံရတီမိုးျမင့္တို႔ကလည္း အရံေတြအျဖစ္ ပါဝင္အားျဖည့္ ကူညီေပးခဲ့ၾကပါေသးတယ္။

ႏိုဗိုတယ္ဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ သက္ေအာင္တို႔ရဲ႕ မဂၤလာပြဲပုံရိပ္ေလးေတြကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္။We Love Cele

Photos-Facebook

admin