“နောက် လေး၊ငါး၊ရှစ်နှစ်နေမှ ကလေးယူဖို့ဆုံးဖြတ်ထားတဲ့ ရွှေမှုံရတီ”

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

ရွှေမှုံရတီကတော့ မြန်မာနိုင်ငံရဲ့နာမည်ကျော်ကြားလူကြိုက်များတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အသက်အရွယ်ငယ်ပေမယ့် ကျရာဇာတ်ကောင်အတိုင်းလိုက်ပါစီးမျောပြီး သရုပ်ဆောင်နိုင်တာကြောင့် အချိန်တိုအတွင်းအောင်မြင်မှုရရှိလာတာဖြစ်ပြီး အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ရွှေမှုံရတီဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပြီး လက်ရှိမှာ “ငရဲဆိုတာ ချိုနဲ့လား”ဆိုတဲ့ ဇာတ်ကားကြီးကိုရိုက်ကူးနေတာဖြစ်ပါတယ်။ ဒါ့အပြင် မကြာခင် ရုံတင်ပြသတော့မှာဖြစ်တဲ့ “ကျော်ကြားနှင့်အမွှေစိန်ဝိညာဉ်” ဇာတ်ကားမှာ ယောကျ်ားလျာအဖြစ်သရုပ်ဆောင်ထားတာကို ရွှေမှုံရဲ့ပရိသတ်တွေမြင်တွေ့ခံစားရတော့မှာ ဖြစ်ပါတယ်။

ရွှေထူးကတော့ အဆိုတော်တစ်ယောက်ဘဝနဲ့ အနုပညာလောကကိုစတင်ဝင်ရောက်လာတာဖြစ်ပြီး ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့သီချင်းပေါင်းများစွာကို ရေးစပ်သီဆိုခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတချို့မှာ ပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ဘက်ပိုင်းမှာပါ ပရိသတ်လက်ခံအားပေးမှု ရရှိနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရွှေထူးနဲ့ရွှေမှုံရတီတို့နှစ်ဦး အတူတူပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။

ရွှေနှစ်ရွှေရဲ့အိမ်ထောင်ရေးကတော့ အများတကာအားကျရလောက်အောင် တစ်ယောက်နဲ့တစ်ယောက် အမြဲဂရုစိုက်နေကြပြီး ရိုလွန်းတဲ့အတွဲလို့ဆိုရမှာပါ။ နှစ်ယောက်စလုံးက အနုပညာအလုပ်တွေနဲ့မအားလပ်ကြတဲ့သူတွေဖြစ်ပေမယ့် တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ဖြည့်ဆည်းပေးရင်း အချစ်ပိုနေကြတဲ့ စုံတွဲလည်းဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ဦးကို ဘယ်အချိန်ကလေးယူမလဲ စိတ်ဝင်စားနေကြတာဖြစ်ပြီး ရွှေမှုံကတော့ နောက် လေး၊ငါး၊ရှစ်နှစ်မှ ကလေးယူမယ်လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။

Source – Exclusive on Cele Gabar
Rainbow- Cele Gabar

Zawgyi ျဖင့္ဖတ္ပါ
★★★★★

“ေနာက္ ေလး၊ငါး၊ရွစ္ႏွစ္ေနမွ ကေလးယူဖို႔ဆံုးျဖတ္ထားတဲ့ ေရႊမွုံရတီ”

ေရႊမွုံရတီကေတာ့ ျမန္မာႏုိင္ငံရဲ႕နာမည္ေက်ာ္ၾကားလူၾကိဳက္မ်ားတဲ့ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။ အသက္အရြယ္ငယ္ေပမယ့္ က်ရာဇာတ္ေကာင္အတုိင္းလိုက္ပါစီးေမ်ာျပီး သရုပ္ေဆာင္ႏိုင္တာေၾကာင့္ အခ်ိန္တိုအတြင္းေအာင္ျမင္မွုရရွိလာတာျဖစ္ျပီး ေအာင္ျမင္မွုကို ေရရွည္ထိန္းထားႏုိင္သူတစ္ေယာက္လည္းျဖစ္ပါတယ္။ ေရႊမွုံရတီဟာ ရုပ္ရွင္ဇာတ္ကားၾကီးေတြ ဆက္တိုက္ရုိက္ကူးေနတာျဖစ္ျပီး လက္ရွိမွာ “ငရဲဆုိတာ ခ်ိဳနဲ႔လား”ဆိုတဲ့ ဇာတ္ကားၾကီးကိုရုိက္ကူးေနတာျဖစ္ပါတယ္။ ဒါ့အျပင္ မၾကာခင္ ရံုတင္ျပသေတာ့မွာျဖစ္တဲ့ “ေက်ာ္ၾကားႏွင့္အေမႊစိန္၀ိညာဥ္” ဇာတ္ကားမွာ ေယာက်္ားလ်ာအျဖစ္သရုပ္ေဆာင္ထားတာကို ေရႊမွုံရဲ႕ပရိသတ္ေတြျမင္ေတြ႔ခံစားရေတာ့မွာ ျဖစ္ပါတယ္။

ေရႊထူးကေတာ့ အဆိုေတာ္တစ္ေယာက္ဘ၀နဲ႔ အႏုပညာေလာကကိုစတင္၀င္ေရာက္လာတာျဖစ္ျပီး ပရိသတ္ပါးစပ္ဖ်ားမွာ ေရပန္းစားခဲ့တဲ့သီခ်င္းေပါင္းမ်ားစြာကို ေရးစပ္သီဆိုခဲ့သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ရုပ္ရွင္ဇာတ္ကားၾကီးတခ်ိဳ႕မွာ ပါ၀င္သရုပ္ေဆာင္ထားျပီး သရုပ္ေဆာင္ဘက္ပိုင္းမွာပါ ပရိသတ္လက္ခံအားေပးမွု ရရွိေနသူ တစ္ေယာက္လည္းျဖစ္ပါတယ္။ “ဧည့္သည္” ရုပ္ရွင္ဇာတ္ကားၾကီးကေတာ့ ေရႊထူးနဲ႔ေရႊမွုံရတီတို႔ႏွစ္ဦး အတူတူပါ၀င္သရုပ္ေဆာင္ထားခဲ့တဲ့ ဇာတ္ကားၾကီးျဖစ္ပါတယ္။

ေရႊႏွစ္ေရႊရဲ႕အိမ္ေထာင္ေရးကေတာ့ အမ်ားတကာအားက်ရေလာက္ေအာင္ တစ္ေယာက္နဲ႔တစ္ေယာက္ အျမဲဂရုစိုက္ေနၾကျပီး ရုိလြန္းတဲ့အတြဲလို႔ဆိုရမွာပါ။ ႏွစ္ေယာက္စလံုးက အႏုပညာအလုပ္ေတြနဲ႔မအားလပ္ၾကတဲ့သူေတြျဖစ္ေပမယ့္ တစ္ေယာက္လိုအပ္ခ်က္ကို တစ္ေယာက္ျဖည့္ဆည္းေပးရင္း အခ်စ္ပုိေနၾကတဲ့ စံုတြဲလည္းျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ သူတို႔ႏွစ္ဦးကို ဘယ္အခ်ိန္ကေလးယူမလဲ စိတ္၀င္စားေနၾကတာျဖစ္ျပီး ေရႊမွုံကေတာ့ ေနာက္ ေလး၊ငါး၊ရွစ္ႏွစ္မွ ကေလးယူမယ္လို႔ ေျဖၾကားခဲ့တာျဖစ္ပါတယ္။

Source – Exclusive on Cele Gabar
Rainbow- Cele Gabar

admin