“တောင်ကြီးတန်ဆောင်တိုင်ပွဲတော်က ပျော်စရာပုံရိပ်လေးတွေမျှဝေပေးခဲ့တဲ့ မိုးယုစံ”

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

မေမေမိုးယုစံကတော့ အချစ်ရဆုံးသားလေး Austin ကိုထားပြီး ရှမ်းပြည်ဘက်ကို ခရီးထွက်နေတာဖြစ်ပါတယ်။ ပရိသတ်ရဲ့အချစ်တော်တစ်ယောက်ဖြစ်တဲ့ မိုးယုစံကတော့ ချစ်ခင်ပွန်းဖြစ်သူရဲ့ လိုလေသေးမရှိ ဂရုစိုက်တာခံရတဲ့အပြင် ကလေးမွေးပြီးနောက်ပိုင်းမှာ ပိုပိုအလှတိုးလာတာကြောင့် မိန်းကလေးတွေ အားကျနေရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒါ့အပြင် သားဖြစ်သူ Austin လေးကလည်း အရမ်းချစ်စရာကောင်းတာကြောင့် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူတစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပေမယ့် လိုအပ်နေတဲ့နေရာတွေအတွက် ရံပုံငွေရှာဖွေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ နှင်းဆီအငြိမ့်အဖွဲ့ရဲ့ ပင်တိုင်စံမင်းသမီးတစ်ယောက်အဖြစ် လုပ်ကိုင်နေသူလေးလဲ ဖြစ်ပါတယ်။

မိုးယုစံဟာ လတ်တလောမှာ ရှမ်းပြည်ကိုအလည်အပတ်ခရီးရောက်ရှိနေတာဖြစ်ပြီး တစ်နှစ်တစ်ခါကျင်းပမြဲဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ချစ်ခင်ပွန်းနဲ့အတူ သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဟာ မြန်မာနိုင်ငံမှာ အစည်ကားဆုံးပွဲတစ်ခုဖြစ်ပြီး မိုးယုစံအတွက် ပထမဆုံးအကြိမ်လို့လည်း ဆိုပါတယ်။ မေမေမိုးယုစံဟာ တောင်ကြီးမှာပျော်နေခဲ့တာဖြစ်ပြီး ပျော်စရာပုံရိပ်လေးတွေလေး သူ့ကိုချစ်တဲ့ ပရိသတ်ကြီးအတွက် မျှဝေခဲ့တာကြောင့် ဆယ်လီကမ္ဘာမှ တဆင့်ပြန်လည်မျှဝေလိုက်ပါတယ်။

Source – Moe Yu San
Rainbow – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Source – Moe Yu San
Rainbow – Cele Gabar

admin