ယွန်းယွန်းရယ် လို့ ပရိသတ်တွေ စပြီးချစ်ခဲ့ရတဲ့ လွန်ခဲ့သော (၁၅) နှစ်က ပုံရိပ်လေးတစ်ခုကို ထုတ်ပြ လိုက်တဲ့ ယွန်းယွန်း

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

လက်ရှိမှာတော့ အရွယ်ရောက်နေပြီဖြစ်တဲ့ တစ်ချိန်က ကလေး သရုပ်ဆောင်ယွန်းယွန်း တစ်ယောက် သူမငယ်စဉ်ကပုံရိပ်လေး တစ်ခုကို ပရိသတ်တွေကိုချပြလိုက်တာပဲဖြစ်ပါတယ်။ ကလေးသရုပ်ဆောင် ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက် ခဲ့တဲ့ ကလေးငယ်လေးဟာ အခုဆိုရင် အရွယ်ရောက်လို့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ အပျိုဖြန်းလေး တစ်ယောက်ဖြစ်လို့နေခဲ့ပါပြီ။

ပညာရေးမှာလည်းထူးချွန်ပြီး အနုပညာမှာ ဆိုရင်လည်း အကယ်ဒ ဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိထားသူတစ်ယောက် လည်းဖြစ်ပါတယ်။ ငယ်ရုပ်လေးမပျောက်တဲ့ ချစ်စရာမင်းသမီးလေးဟာ ပရိသတ်တွေရဲ့အချစ်တွေကို ဆယ်စုနှစ်တစ်ခု ကျော်ကြာ သိမ်းပိုက်ထားနိုင်နေဆဲပါပဲ။ ရုပ်ရှင် ဇာတ်ကားတွေလည်းရိုက်ကူးနေပြီး ပညာရေးဖက်မှာလည်း လစ်ဟင်းမှု မရှိ အောင် ကြိုးစားသူလေးတစ်ယောက်ပါ။

ချစ်ဖို့ကောင်းတဲ့ကလေးလေးနဲ့ အပျိုဖြန်းမလေး တစ်ယောက်ရဲ့ ဆယ့်ငါးနှစ်ကြာကွာခြားချက်လေးကို ” လွန်ခဲ့သော ၁၅နှစ် Vs အခု ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အရွယ်ရောက်လာလို့ ပိုပြီးထင်ရှားလာတဲ့အလှတရားတွေနဲ့ ငယ်ရုပ်လေးမပျောက်တဲ့ ချစ်စရာမင်းသမီးလေး ယွန်းယွန်းရဲ့ ပုံရိပ်လေးတွေ ကို တင်ဆက်ပေး လိုက်တယ်နော်။

Photo – Yoon Yoon,CRD-Happy : Cele Zone

admin