ဆိုက္ကားဆရာတွေကို ဆိုက္ကာနင်းပြီးလိုက်ပို့နေတဲ့ အိချောပို
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ဘာဝတ်ဝတ် လိုက်ဖက်လှပပြီးမြန်မာဆန်တဲ့ ခန္ဒာကိုယ်အချိူးအစားကြောင့်မြန်မာအဝတ်အစားသာ မက ဘာဝတ်ဝတ်လိုက်နေတဲ့ မြန်မာနိုင်ငံရဲ့ပုရိသထုကြီးရင်ထဲဆွဲမြဲနေတဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ရှိပါတယ်။ သူက တော့ အိချောပို ပါ ။ အိချောပိုဆိုတာနဲ့ပဲ သူရဲ့ချစ်စရာအသွင်ပြင် တွေပြေးမြင်မိကြတယ်မဟုတ်လား။ အိချောပို ကတော့ အခုချိန်မှာ ရုပ်ရှင်ကားကြီးတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေရပြီး အခုလက်ရှိ ရုပ်ရှင်ရုံတွေပေါ်မှာ တင်ထားတဲ့ ဇာတ်ကားတွေထဲမှာလည်း သူပါဝင်ထားတဲ့ ရုပ်ရှင်ကားကြီးတွေက နေရာယူထားပါတယ်။ အခုလည်း ဇွန်သံစဉ်တို့နဲ့ ဆုံဆည်းခွင့် ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေပါတယ်။
Tik Tok မှာလည်း Video အတိုလေးတွေကို မကြာခဏတင်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ Facebook အကောင့်မှာလည်း ချစ်စရာကောင်းတဲ့ Video လေးတွေနဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေ ကြည့်ရှုခံစားရတဲ့သူတွေအတွက် ပြန်လည်မျှဝေလေ့ရှိပါတယ်။ အခုလည်းပြောချင်လွန်းလို့ကနေ ချစ်စရာကောင်းလှတဲ့ စူစူလေးရဲ့ Video ဖိုင်လေး နှစ်ခုကို အားလုံး မမြင်လိုက် မကြည့်လိုက်ရမရှိလေအောင် တင်ဆက်ပေးလိုက်ပါတယ်။ ဒီ Video လေးထဲမှာတော့ စူစူ ဟာ ဆိုက္ကားကို ပိုင်ပိုင်နိုင်နိုင်နင်းနေတာကို တွေ့ရမှာဖြစ်ပြီး ။ သူရဲက အပြစ်ကင်းပြီး စူးစမ်းချင်စိတ်ရှိတဲ့ ပုံစံလေးကိုလည်း တွေ့မြင်ရမှာပါ ။
ဆိုက္ကားဆရာကိုတောင် တင်ပြီး ဆိုက္ကားပြန်နင်းပြနေတဲ့ စူစူကတော့ တကယ့်စံပြပါပဲ ။ စူစူ လေးရဲ့ Video လေးတွေကို ကြည့်ပြီး အချစ်တွေပိုတိုးလာလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ပြောချင်လွန်းလို့ ကမိတ်ဆွေတွေရော အိချောပိုရဲ့ Video လေးကိုကြည့်ပြီး အချစ်စိတ်တွေ တဖွားဖွားတိုးပွားလာလိမ့်မယ်လို့ထင်ပါတယ်။ ဒီနှစ်ထဲမှာရုံတင်တဲ့ ရုပ်ရှင်ကားတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်ခွင့်ရထားတဲ့ စူစူတစ်ယောက် အောင်မြင်မှုမှတ်တိုင်တွေ ဆက်ပြီး ပိုင်ဆိုင်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ Video လေးကို ကြည့်ပြီးရင်လည်းအားလုံးရဲ့ ခံစားချက်လေးတွေကို ပြန်လည်မျှဝေပေးသွားကြပါဦးနော် ။
admin