“နော်စေးစေးထူးကို ကြည့်ပြီး ကိုယ့်ကိုကိုယ် ပြန်မြင်ယောင်လာမိတဲ့အတွက် မျက်ရည်ကျမိတဲ့ ပိုးမီ”

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါကတော့ ပြိုင်ပွဲအပတ်စဉ်နှစ်ခုပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်ပတ်ကိုတစ်ယောက်နှုန်းနဲ့ ပြိုင်ပွဲကို နူတ်ဆက်ထွက်ခွာမှာဖြစ်ပြီး ပထမအပတ်မှာတော့ ပြိုင်ပွဲဝင်ခြူးစစ်ဟန်က နူတ်ဆက်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒုတိယမြောက်အပတ်ဖြစ်တဲ့ ရော့ခ်ဂီတပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်နော်စေးစေးထူးက မဲအရေအတွက်အနည်းဆုံးရရှိခဲ့တာဖြစ်ပေမယ့် ဒိုင်တွေရဲ့(save) လုပ်ခြင်းကိုရရှိခဲ့တာဖြစ်ပါတယ်။

နော်စေးစေးထူးဟာ အရည်အချင်းရှိတဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး ဒိုင်ဖြစ်သူမတင်ဇာမော်ကတော့ ထွက်ခွာဖို့စောသေးတယ်လို့ မှတ်ချက်ပေးခံခဲ့ရတာဖြစ်ပါတယ်။ နော်စေးစေးထူးကတော့ ဒိုင်ဖြစ်သူတွေအတွက် ဆုံးဖြတ်ရခက်စေလောက်ခဲ့ပြီး သီချင်းပေါ်သက်ဝင်ခံစားမှု အားကောင်းလွန်းတာကြောင့် (save)လုပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာအိုင်ဒေါ Season-2 ရဲ့တတိယဆုကိုရရှိခဲ့တဲ့ ပိုးမီကိုယ်တိုင်လည်း ပြိုင်ပွဲအပတ်စဉ်တစ်ခုမှာ ဒိုင်တွေရဲ့(save)လုပ်ခြင်းကို ခံခဲ့ရဖူးပါတယ်။

နော်စေးစေးထူးဟာ စိတ်ဓာတ်မာတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ပိုးမီကိုယ်တိုင်လည်း သူ့ကိုကြည့်နေရင်း ကိုယ့်ကိုကိုယ်ပြန်မြင်ယောင်လာမိတဲ့အကြောင်းကို “အရှုံးကိုလက်ခံဖို့ပြင်ဆင်ထားတဲ့ ကောင်မလေး..လုံးဝမျက်ရည်မကျတဲ့ကောင်မလေး…နောက်ဆုံး save song ဆိုသွားတဲ့အချိန်ထိ တည်ငြိမ်နေတဲ့ ကောင်မလေး…Save လုပ်တယ် ဆိုမှ တင်းထားတဲ့စိတ်ကို လွတ်ချပြီး မျက်ရည်တွေ ကျလာတဲ့ကောင်မလေး…

ကိုယ့်တုန်းက save လုပ်ခံရတဲ့အချိန်က ကိုယ့်ပုံကို ကိုယ်ပြန်မြင်နေရသလိုပဲ…ကိုယ် ခံစားခဲ့ရတဲ့အတိုင်း သူလည်း ဝမ်းနည်းဝမ်းသာ ခံစားနေရမှာဆိုပီး …ကိုယ်ပါ ရောပြီးမျက်ရည် ကျမိပြန်ပြီ…စပြိုင်ကတည်းက သတိထားမိတဲ့သူထဲမှာ ပါတဲ့သူပါ ..သီချင်းတွေကို အရိုးသားဆုံး မာယာမပါပဲ ဆိုတတ်တဲ့သူခံစားသက်ဝင်မှု အားကောင်းတဲ့သူ …သီချင်းဆိုကောင်းတဲ့သူဆို ကိုယ်က ချစ်ပြီးသားမို့ ဒီကောင်မလေးကိုလဲ ချစ်တယ်…ရှေ့ဆက်ပြီး အရည်အချင်းစစ်စစ်ကို ဒိထက်ပိုပြနိုင်ပြီးတော့ save လုပ်ရကျိုးနပ်အောင် ကြိုးစားနိုင်မယ်လို့ ယုံကြည်ပါတယ်…ဖိုက်တင်း ! စေးရေ Naw Say Say Htoo”သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

Source – Poe Mi
Rainbow- Cele Gabar

Zawgyi ျဖင့္ဖတ္ပါ
★★★★★

“ေနာ္ေစးေစးထူးကို ၾကည့္ျပီး ကိုယ့္ကိုကိုယ္ ျပန္ျမင္ေယာင္လာမိတဲ့အတြက္ မ်က္ရည္က်မိတဲ့ ပိုးမီ”

ပရိသတ္စိတ္၀င္စားမွုျမင့္တက္ေနတဲ့ အစီအစဥ္တစ္ခုျဖစ္တဲ့ ျမန္မာအုိင္ေဒါကေတာ့ ျပိဳင္ပြဲအပတ္စဥ္ႏွစ္ခုျပီးေျမာက္ခဲ့ျပီျဖစ္ပါတယ္။ ပံုမွန္အားျဖင့္ တစ္ပတ္ကိုတစ္ေယာက္ႏွုန္းနဲ႔ ျပိဳင္ပြဲကို ႏူတ္ဆက္ထြက္ခြာမွာျဖစ္ျပီး ပထမအပတ္မွာေတာ့ ျပိဳင္ပြဲ၀င္ျခဴးစစ္ဟန္က ႏူတ္ဆက္ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ ဒုတိယေျမာက္အပတ္ျဖစ္တဲ့ ေရာ့ခ္ဂီတျပိဳင္ပြဲမွာေတာ့ ျပိဳင္ပြဲ၀င္ေနာ္ေစးေစးထူးက မဲအေရအတြက္အနည္းဆံုးရရွိခဲ့တာျဖစ္ေပမယ့္ ဒိုင္ေတြရဲ႕(save) လုပ္ျခင္းကိုရရွိခဲ့တာျဖစ္ပါတယ္။

ေနာ္ေစးေစးထူးဟာ အရည္အခ်င္းရွိတဲ့ျပိဳင္ပြဲ၀င္တစ္ေယာက္ျဖစ္ျပီး ဒိုင္ျဖစ္သူမတင္ဇာေမာ္ကေတာ့ ထြက္ခြာဖို႔ေစာေသးတယ္လို႔ မွတ္ခ်က္ေပးခံခဲ့ရတာျဖစ္ပါတယ္။ ေနာ္ေစးေစးထူးကေတာ့ ဒိုင္ျဖစ္သူေတြအတြက္ ဆံုးျဖတ္ရခက္ေစေလာက္ခဲ့ျပီး သီခ်င္းေပၚသက္၀င္ခံစားမွု အားေကာင္းလြန္းတာေၾကာင့္ (save)လုပ္ခံခဲ့ရတာျဖစ္ပါတယ္။ ဒါ့အျပင္ ျမန္မာအိုင္ေဒါ Season-2 ရဲ႕တတိယဆုကိုရရွိခဲ့တဲ့ ပိုးမီကိုယ္တုိင္လည္း ျပိဳင္ပြဲအပတ္စဥ္တစ္ခုမွာ ဒိုင္ေတြရဲ႕(save)လုပ္ျခင္းကို ခံခဲ့ရဖူးပါတယ္။

ေနာ္ေစးေစးထူးဟာ စိတ္ဓာတ္မာတဲ့မိန္းကေလးတစ္ေယာက္ျဖစ္ျပီး ပိုးမီကိုယ္တိုင္လည္း သူ႔ကိုၾကည့္ေနရင္း ကိုယ့္ကိုကိုယ္ျပန္ျမင္ေယာင္လာမိတဲ့အေၾကာင္းကို “အရွုံးကိုလက္ခံဖို႔ျပင္ဆင္ထားတဲ့ ေကာင္မေလး..လံုး၀မ်က္ရည္မက်တဲ့ေကာင္မေလး…ေနာက္ဆံုး save song ဆိုသြားတဲ့အခ်ိန္ထိ တည္ၿငိမ္ေနတဲ့ ေကာင္မေလး…Save လုပ္တယ္ ဆိုမွ တင္းထားတဲ့စိတ္ကို လြတ္ခ်ၿပီး မ်က္ရည္ေတြ က်လာတဲ့ေကာင္မေလး…

ကိုယ့္တုန္းက save လုပ္ခံရတဲ့အခ်ိန္က ကိုယ့္ပံုကို ကိုယ္ျပန္ျမင္ေနရသလိုပဲ…ကိုယ္ ခံစားခဲ့ရတဲ့အတိုင္း သူလည္း ဝမ္းနည္းဝမ္းသာ ခံစားေနရမွာဆိုုပီး …ကိုယ္ပါ ေရာၿပီးမ်က္ရည္ က်မိျပန္ၿပီ…စၿပိဳင္ကတည္းက သတိထားမိတဲ့သူထဲမွာ ပါတဲ့သူပါ ..သီခ်င္းေတြကို အ႐ိုးသားဆံုး မာယာမပါပဲ ဆိုတတ္တဲ့သူခံစားသက္ဝင္မႈ အားေကာင္းတဲ့သူ …သီခ်င္းဆိုေကာင္းတဲ့သူဆို ကိုယ္က ခ်စ္ၿပီးသားမို႔ ဒီေကာင္မေလးကိုလဲ ခ်စ္တယ္…ေရွ႕ဆက္ၿပီး အရည္အခ်င္းစစ္စစ္ကို ဒိထက္ပိုျပႏိုင္ၿပီးေတာ့ save လုပ္ရက်ိဳးနပ္ေအာင္ ႀကိဳးစားႏိုင္မယ္လို႔ ယံုၾကည္ပါတယ္…ဖိုက္တင္း ! ေစးေရ Naw Say Say Htoo”သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။

Source – Poe Mi
Rainbow- Cele Gabar

admin