ခင်ပွန်းဖြစ်သူနဲ့အတူ တောင်ကြီးက ပရိသတ်တွေဆီ အလည်လာနေပြီဖြစ်တဲ့ မခိုင်လေး

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး ခိုင်သင်းကြည်ကိုတော့ ဟို အရင်ကတည်းက ပရိသတ်တွေကို စွဲလန်း ခဲ့ရတဲ့ သူတစ်ယောက်ပါ။ အမြဲတမ်းလူပျိုလှပပြီး လူငယ်တစ်ယောက်လို တက်ကြွပျော်ရွှင်နေတဲ့ မခိုင်လေးရဲ့ ပုံစံလေးကြောင့် မြင်ရသူပရိသတ်တွေကို ပျော်ရွှင်ကြည်နူးမှုတွေကူးစက်စေနိုင်တဲ့ သူတစ်ယောက်ပါ။ အိမ်ထောင်ကျပြီးတဲ့ နောက်မှာလည်း ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ခဲ့ပြီး ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

လက်ရှိမှာဆိုရင်လည်း ပရိသတ်တွေနောက်ထပ် ဇာတ်ကောင်အသစ်တွေကို ပရိသတ်တွေကြည့်ရှူနိုင်ဖို့အတွက် ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ကြိုးစားရိုက်ကူးနေပြီး မခိုင်လေးပါဝင်သရုပ်ဆောင်ထားတဲ့ ရိုးမမြေပေါ်ကျတဲ့ မျက်ရည် ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်နေပြီဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ မခိုင်လေးက အဘက်ဘက်မှာ တည်ငြိမ်ပြီး အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ထားရသူမို့ ပရိသတ်တွေက အားကျရပြန်ပါတယ်။

အခုလည်း သမီးလေး အရွယ်ရောက်သည်တိုင်အောင် အနားမှာ ဂရုတစိုက်နဲ့ ချစ်ပေးတဲ့ ချစ်ခင်ပွန်းနဲ့အတူ တောင်ကြီးမြို့ကို အလည်သွားနေတာဖြစ်ပါတယ်။ အေးအေးဆေးဆေးနေတတ်တဲ့ ခင်ပွန်းဖြစ်သူနဲ့ သွက်သွက်လက်လက်ရှိတဲ့ မခိုင်လေးတို့ လိုက်ဖက်တဲ့ ဇနီးမောင်နှံနှစ်ယောက် အတူတူ တောင်ကြီးမြို့ အလည်သွားနေတဲ့ ပုံရိပ်လေးတွေကို CeleGabar ပရိသတ်တွေအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်နော်။

Source: Khine Thin Kyi

NORA:CeleGabar

Zawgyi ဖြင့်ဖတ်ပါ
★★★★★





admin