သူမကိုယ်သူမ Myanmar Idol ရဲ့ ဂြိုလ်သားပါလို့ တင်စားလိုက်တဲ့ ဖြူဖြးကျော်သိန်း

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★









Rowena

Unicode ဖြင့်ဖတ်ပါ
★★★★★

သူမကိုယ်သူမ MYANMAR IDOL ရဲ့ ဂြိုလ်သားပါလို့ တင်စားလိုက်တဲ့ ဖြူဖြးကျော်သိန်း

အမိုက်စား Vocal Power နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းဟာ ဂီတလောကရဲ့ ဘုရင်မတစ်ပါးလို့တောင် တင်စားရသူပါပဲ။ ဖြူဖြူကျော်သိန်းရဲ့ သီချင်းတိုင်းက ပရိသတ်တွေကြားမှာ တော်တော်လေး အောင်မြင်ပြီး ယခုထက်တိုင် ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ ဖြူဖြူကျော်သိန်းက တစ်ကိုယ်တည်း အပျိုကြီးအဖြစ်နဲ့. တေးသီချင်းတွေကို သီဆိုနေဆဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၇) ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Myanmar Idol Live Show ဒုတိယအပတ်မှာလည်း ဖြူဖြူကျော်သိန်းက လူတကာ ငေးမောကြည့်နေရလောက်မယ့်အထိ အမိုက်စားဖက်ရှင်နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းက သူမကိုယ်သူမ “The Alien of Myanmar Idol” လို့ တင်စားထားပါသေးတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဖြူဖြူကျော်သိန်းရဲ့ အမိုက်စားဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ဖြူဖြူကျော်သိန်းက “Myanmar Idol Season 4 Rock Week Performance Show မှာမြန်မာပြည်က ကယန်းလှပျိုညိုလေးနဲ့အခြားကမ္ဘာကဂြိုလ်သားတို့မေတ္တာသက်ဝင်ပြီးမွေး ဖွားလာတဲ့ Alien Kyaw Thein ကိုတွေ့ပမင်ရမှာပဲဖစ်ပါတယ်ရှင်”

ဖြူဖြူကျော်သိန်းက “Myanmar Idol Season 4 Rock Week Performance Show မှာမြန်မာပြည်က ကယန်းလှပျိုညိုလေးနဲ့အခြားကမ္ဘာကဂြိုလ်သားတို့မေတ္တာသက်ဝင်ပြီးမွေး ဖွားလာတဲ့ Alien Kyaw Thein ကိုတွေ့မြင်ရမှာပဲဖစ်ပါတယ်ရှင်”

“ဒီနေ့ဒီလိုတွေလုပ်နိုင်ဖြစ်နိုင်ဖို့အဖက်ဖက်ကပံပိုးဝန်းရံအားပေးကြတဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ချစ်ပရိသတ်မိသားစုတွေကိုရင်ထဲကကျေးဇူးအကြီးကြီးတင်ပါတယ်လို့” လို့ ပြောထားပါတယ်။

ဖြူဖြူကျော်သိန်းကတော့ ဘယ်အချိန်ကြည့်ကြည့် အမိုက်စားဖက်ရှင်နဲ့ ပွဲဆူစေခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူကျော်သိန်းရဲ့ အမိုက်စားဖက်ရှင်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Rowena
Source: Phyu Phyu Kyaw Thein’s fb

admin