ရိုက်ကူးရေးသွားရင်း Bangkokက အမှတ်တရ ဓာတ်ပုံတွေကို တင်လိုက်တဲ့ ဒေါင်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အၾကည့္ေလးတစ္ခ်က္နဲ႔တင္ေကာင္မေလးေတြရဲ႕အသည္းကိုဖမ္းစားႏိုင္စြမ္း႐ိွတဲ့သ႐ုပ္ေဆာင္၊ ပရဟိတအလုပ္ေတြ တျခားအႏုပညာလႈပ္႐ွားမႈေတြပါ စိတ္ပါလက္ပါနဲ႔လုပ္ေနတဲ့သူတစ္ေယာက္ကိုေျပာပါဆိုရင္ေတာ့ ေဒါင္း ကိုပဲ မမတို႔ညီမေလးတို႔ေျပးျမင္မိၾကမယ္ဆိုတာကိုေတာ့ျဖင့္ ရဲရဲႀကီးအာမခံရဲပါတယ္။ ဘာေၾကာင့္အဲ့ဒီလိုအာမခံရဲလည္းဆိုရင္ေတာ့ ေဒါင္းကို မိန္းကေလးပရိသတ္ေတြတင္မကပဲ ေယာက္်ားေလးပရိသတ္ေတြလည္းအမ်ားအျပား႐ိွေနတာကိုျမင္ေတြ႔ၾကားသိေနရလို႔ပါ ။သူကေတာ့ အခုခ်ိန္မွာ ရုပ္ရွင္ကားႀကီးေတြ ကို ဆက္တိုက္ဆိုသလို ရိုက္ကူးေနရတဲ့အျပင္ ဇာတ္လမ္းတြဲေတြထဲမွာပါ ပါဝင္သရုပ္ေဆာင္ခြင့္ရေနပါၿပီ။

သူကေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းက ထိုင္းႏိုင္ငံ မွာLove Equation ရိုက္ကူးတစ္ခုေၾကာင့္ေရာက္ရိွေနပါတယ္။ အဲ့ဒီလိုေရာက္ခ်ိန္မွာလည္း ထိုင္းႏိုင္ငံေရာက္ ျမန္မာပရိသတ္ေတြကို သူတို႔ရဲ႕ ရိုက္ကြင္းကို သြားၿပီး အားေပးဝန္းရံခဲ့တယ္လို႔သိရပါတယ္။ အဲ့ဒီရိုက္ကြင္းမွာေတာ့ ျပည္သူေတြခ်စ္တဲ့ မင္းသားေဒါင္း ကေတာ့ ပရိသတ္တစ္ေယာက္ရဲ႕ အက်ႌမွာ အမွတ္တရ လက္မွတ္ေရးထိုးေနတဲ့ပံုေလးေတြကို Sweet Memories of DAUNG ဆိုတဲ့ Facebook Pageမွာ “ Love Equation ဇာတ္ကားအတြက္ Bangkok မွာ Shooting႐ိုက္ေနတဲ့ ကိုေဒါင္း” ဆိုတဲ့ စာသားေလးနဲ႔ တင္ခဲ့ပါတယ္။ အဲ့ဒီလို တင္ခဲ့တာကို Daung က သူရဲ႕ Official Page ကေနျပန္ၿပီး Bangkok အမွတ္တရဆိုတဲ့ စာသားေလးနဲ႔ျပန္လည္ မွ်ေဝခဲ့ပါတယ္။

သူရဲ႕အျပဳမူေလးကေတာ့ အင္မတန္မွ ခ်စ္စရာေကာင္းၿပီး ပရိသတ္ေတြကို ေတာ္ေတာ္ေလး ဂရုစိုက္တတ္သူတစ္ေယာက္ျဖစ္ေၾကာင္းကိုလည္း သက္ေသျပလိုက္တာပါ။ အခုတေလာ ေဒါင္းရဲ႕ Page မွာလည္း လွုပ္ရွားမွုဓာတ္ပံုေတြသိပ္မေတြ႔ရဘူးဆိုေတာ့ သူ႔ပရိသတ္ေတြကလည္း ေဒါင္းတစ္ေယာ္ဘာေတြမ်ားလုပ္ေနမလား ရယ္လို႔ သိခ်င္ေနၾကမယ္ထင္ပါတယ္။ ေဒါင္းကေတာ့ အႏုပညာအလုပ္ေတြကို ဆက္တိုက္ဆိုသလို လုပ္ကိုင္ေနရတာေၾကာင့္ အားလပ္ခ်ိန္ကို မရိွသေလာက္ရွားပါးေနမွာကို လည္း သူ႔႔ပရိသတ္ေတြက စိုးရိမ္ေနၾကပါတယ္။ သူတို႔ေတြကေတာ့ ေဒါင္းကို ခ်စ္သလို ေဒါင္းကို ေအာင္ျမင္မွုေတြအမ်ားႀကီးလည္း ပိုင္ဆိုင္ေစခ်င္ၾကမွာပါပဲ ။ အခု က်ေနာ္တို႔ ေဖာ္ျပေပးသြားတဲ့ အေၾကာင္းရာေလးကို ဖတ္ၿပီး ေဒါင္းကို ခ်စ္တဲ့သူေတြလည္း အလြမ္းေျပၾကလိမ့္မယ္လို႔ထင္ပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

အကြည့်လေးတစ်ချက်နဲ့တင်ကောင်မလေးတွေရဲ့အသည်းကိုဖမ်းစားနိုင်စွမ်းရှိတဲ့သရုပ်ဆောင်၊ ပရဟိတအလုပ်တွေ တခြားအနုပညာလှုပ်ရှားမှုတွေပါ စိတ်ပါလက်ပါနဲ့လုပ်နေတဲ့သူတစ်ယောက်ကိုပြောပါဆိုရင်တော့ ဒေါင်း ကိုပဲ မမတို့ညီမလေးတို့ပြေးမြင်မိကြမယ်ဆိုတာကိုတော့ဖြင့် ရဲရဲကြီးအာမခံရဲပါတယ်။ ဘာကြောင့်အဲ့ဒီလိုအာမခံရဲလည်းဆိုရင်တော့ ဒေါင်းကို မိန်းကလေးပရိသတ်တွေတင်မကပဲ ယောက်ျားလေးပရိသတ်တွေလည်းအများအပြားရှိနေတာကိုမြင်တွေ့ကြားသိနေရလို့ပါ ။သူကတော့ အခုချိန်မှာ ရုပ်ရှင်ကားကြီးတွေ ကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတဲ့အပြင် ဇာတ်လမ်းတွဲတွေထဲမှာပါ ပါဝင်သရုပ်ဆောင်ခွင့်ရနေပါပြီ။

သူကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံ မှာLove Equation ရိုက်ကူးတစ်ခုကြောင့်ရောက်ရှိနေပါတယ်။ အဲ့ဒီလိုရောက်ချိန်မှာလည်း ထိုင်းနိုင်ငံရောက် မြန်မာပရိသတ်တွေကို သူတို့ရဲ့ ရိုက်ကွင်းကို သွားပြီး အားပေးဝန်းရံခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီရိုက်ကွင်းမှာတော့ ပြည်သူတွေချစ်တဲ့ မင်းသားဒေါင်း ကတော့ ပရိသတ်တစ်ယောက်ရဲ့ အင်္ကျီမှာ အမှတ်တရ လက်မှတ်ရေးထိုးနေတဲ့ပုံလေးတွေကို Sweet Memories of DAUNG ဆိုတဲ့ Facebook Pageမှာ “ Love Equation ဇာတ်ကားအတွက် Bangkok မှာ Shootingရိုက်နေတဲ့ ကိုဒေါင်း” ဆိုတဲ့ စာသားလေးနဲ့ တင်ခဲ့ပါတယ်။ အဲ့ဒီလို တင်ခဲ့တာကို Daung က သူရဲ့ Official Page ကနေပြန်ပြီး Bangkok အမှတ်တရဆိုတဲ့ စာသားလေးနဲ့ပြန်လည် မျှဝေခဲ့ပါတယ်။

သူရဲ့အပြုမူလေးကတော့ အင်မတန်မှ ချစ်စရာကောင်းပြီး ပရိသတ်တွေကို တော်တော်လေး ဂရုစိုက်တတ်သူတစ်ယောက်ဖြစ်ကြောင်းကိုလည်း သက်သေပြလိုက်တာပါ။ အခုတလော ဒေါင်းရဲ့ Page မှာလည်း လှုပ်ရှားမှုဓာတ်ပုံတွေသိပ်မတွေ့ရဘူးဆိုတော့ သူ့ပရိသတ်တွေကလည်း ဒေါင်းတစ်ယော်ဘာတွေများလုပ်နေမလား ရယ်လို့ သိချင်နေကြမယ်ထင်ပါတယ်။ ဒေါင်းကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရတာကြောင့် အားလပ်ချိန်ကို မရှိသလောက်ရှားပါးနေမှာကို လည်း သူ့ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။ သူတို့တွေကတော့ ဒေါင်းကို ချစ်သလို ဒေါင်းကို အောင်မြင်မှုတွေအများကြီးလည်း ပိုင်ဆိုင်စေချင်ကြမှာပါပဲ ။ အခု ကျနော်တို့ ဖော်ပြပေးသွားတဲ့ အကြောင်းရာလေးကို ဖတ်ပြီး ဒေါင်းကို ချစ်တဲ့သူတွေလည်း အလွမ်းပြေကြလိမ့်မယ်လို့ထင်ပါတယ်။

admin