.လိုင်းပေါ်က ကောင်မလေးက တောင်ကြီး မီးပုံးပြန်ပွဲ ကို ခေါ်လို့ သွားခဲ့ပေမယ့် ရှောင်နေခဲ့လို့ သေတမ်းစာရေးပြီး သေပွဲဝင်ခဲ့သူ

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

အချစ်ဆိုတာ ဆန်းကြယ်ပါတယ်….အချစ်အတွက် ဘာမဆိုလုပ်ရဲပြီး နောက်ဆုံး အသက်ပါပေးရဲတယ်လို့ ဆိုကြပါတယ်…. ခုလည်းပဲ အချစ်အတွက်နဲ့ အသက်ပေးခဲ့ရတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဝမ်းနည်းကြေကွဲစရာ အဖြစ်အပျက်လေးပါ…အံ့သြစရာကောင်းတာက သူအသက်ပေးချစ်ခဲ့ရတဲ့ ကောင်မလေးက အပြင်မှာတွေ့လို့ ချစ်ကြိုက်ခဲ့တာ မဟုတ်ဘဲ အင်တာနက်ပေါ်က တစ်ဆင့်ချစ်ကြိုက်ပြီး ကောင်မလေးခေါ်လို့ တောင်ကြီးတန်ဆောင်တိုင်သွားရာကနေ အသက်ပေးခဲ့ရတာပါပဲ…..

အဲဒီကြေကွဲဝမ်းနည်းဖွယ်အကြောင်းလေးကို မိန်းကလေးတစ်ယောက်က လူမှုကွန်ရက်ပေါ်စတင်လိုက်ရာကနေ လူသိများပြီး သေတမ်းစာရေးပြီး သေဆုံးသွားခဲ့ရတဲ့ ကောင်လေးအပေါ် ကရုဏာသက်ခဲ့ကြပါတယ်…ခုခေတ်က အင်တာနက် ခေတ်ဆိုတော့ အင်တာနက်အသုံးပြုနေတဲ့ ပရိသတ်ကြီးတို့လည်း ဆင်ခြင်သုံးသပ်နိုင်ဖို့ ဒီအကြောင်းအရာလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်တယ်နော် …

“သူဘယ်မှာနေလဲ ဘယ်ကလာလဲမသိဘူးရှင့်… ကားဂိတ်မှာ လဲနေလို့ အိမ်ခေါ်လာတာပါ… နေမကောင်း လို့ ဆေးရုံပို့ပေးတယ်… တက်နိုင်သလောက် အပေါင်းသင်းတွေနဲ့ပြုစုပေးတယ် …မနက်ကိုးနာရီလောက်ကျတော့ မသက်သာလို့ ပြန်ပြပေးတယ်…

ဆေးရုံတင်ရမယ်ပြောတော့ ကိုလဲဒီလိုဖြစ်မယ်မထင်လို့ ဘယ်ကမှန်းတော့မသိဘူးဆရာရယ် …. သူ့ကိုသက်သာအောင်ဆေးလေးထိုးပေးပါလား…. သက်သာရင် လမ်းစရိတ်လေး အလှူခံပီးပြန်လွှတ်မယ်ပေါ့ပြန်ခေါ်လာတယ်…

နောက်ဆုံးမသက်သာတော့ ပရဟိတအဖွဲ့နဲ့ဆက်ပီး ဆေးရုံတင်တယ် …တစ်ချို့ကကျွန်မကိုတရားခံ စစ်သလို တွေ မေးလာတယ် ……နှလုံးရောဂါလား အမောဆို့တာလား အစာဘဲပြတ်တာလား ရင်ကွဲနာကျတာလားဆိုတာတော့…. ဟုတ်ကဲ့ ကျွန်မဆရာဝန်မဟုတ်ဘူးရှင့် အဲ့ဒါကြောင့်ဆေးရုံပို့ပေးတာပါနော်….

ခုလိုတင်တာလဲ သူ့မိသားစုနဲ့အဆက်သွယ်လေးများရမလားလို့ ပီးတော့ ခေါ်လိုက်တဲ့ကောင်မသိစေချင်လို့ပါ…. ကျွန်မနဲ့မဆိုင်ပါဘူး ကိုနဲ့မသိတဲ့လူတစ်ယောက်ကို လူသားချင်းစာနာလို့ကူညီပေးတာပါ….

ဒါပေမယ့်ကိုဖြိုးလေးရေ ရှင့်ကို အော်လိုက်တဲ့အတွက်စိတ်ထဲမှာ မကောင်းဘူး ….မိန်းမတစ်ယောက်အတွက်နဲ့ ဘဝပျက်ခံပီးလိုက်လာတဲ့ရှင့်ကို ကိုယ့်မောင်လေးလို ဂရုနာဒေါသနဲ့အော်လိုက်တာပါ …နင်စဉ်းစားဉာဏ် မရှိဘူးလား… ဦးနှောက်မရှိဘူးလားလို့ပြောလိုက်မိတယ် …မကြီးရယ် ကျွန်တော့ကိုအော်လိုက်တာဗျာတဲ့ ..တကယ်စိတ်မကောင်းဘူး ကိုဖြိုးလေးရေ…

ဒါတွေက သူ့ဆီက တွေ့ရတဲ့ ပစ္စည်းတွေပါ. . .သူ့ကောင်မလေးအတွက် နားကပ်လုပ်လာတယ်လို့ ထင်ပါတယ်….
ဒါက သူ့ရဲ့ အွန်လိုင်းပေါ်က ချစ်သူပါ. . . အဲ့ဒီမိန်းမကလိုင်းပေါ်မှာတွေ့လို့သူ့ကို လာခဲ့ပါဆိုပြီးခေါ်လိုက်တာ… ဒီရောက်တော့ေရှောင်နေတယ် ….ကောင်လေးက ဘယ်မှမသွားတက်တော့ လမ်း မှာလဲနေတာနဲ့
အမတို့ကခေါ်ပီး ဆေးရုံပို့ထားတာ.. ဒီမနက်ဆုံးသွားပါပြီ….
ဒါက နောက်ဆုံး သူရေးခဲ့တဲ့ စာလေးပါ. . .

မိန်းမတစ်ယောက်ကို ဘာကြောင့် ဒီလောက်ယုံကြည်ရတာလဲ မောင်လေးရယ်. . .ပြီးတော့ အချစ်အတွက်နဲ့ အသက်သေရတာတော့ မတန်ဘူးလို့ ပြောချင်တယ်…
ခုတော့ ကိုဖြိုးလေးဟာ ၇ ရက် ၁၁ လ ၂၀၁၉ စပ်စံထွန်းဆေးရုံတွင်ကွယ်လွန်သွားပါသည် ….မိဘ ညီကိုမောင်နှမများအားမသိရပါ… ကျေးဇူးပြု၍ share ပေးကြပါ….” လို့ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်…
အချစ်အတွက်နဲ့ အသက်ပေးခဲ့ရတဲ့ ညီလေးတစ်ယောက်ရဲ့ ချစ်ခြင်းကတော့ တကယ့်ကို လေးစားလောက်ပါတယ်….ကရုဏာလည်းသက်ရပါတယ်…လက်ရှိမှာတော့ သေဆုံးသွားတဲ့ ညီလေးရဲ့ ဆွေမျိုးသားချင်းတွေကို မသိရသေးတော့ …ဆွေမျိုးသားချင်းတွေ သိအောင်မြင်အောင် ဝိုင်းဝန်း Share ပေးလိုက်ကြပါအုံး….

Source : May La Min

Zawgyi ဖြင့်ဖတ်ပါ
★★★★★







ဒါက သူ့ရဲ့ အွန်လိုင်းပေါ်က ချစ်သူပါ. . . အဲ့ဒီမိန်းမကလိုင်းပေါ်မှာတွေ့လို့သူ့ကို လာခဲ့ပါဆိုပြီးခေါ်လိုက်တာ… ဒီရောက်တော့ရှောင်နေတယ် ….ကောင်လေးက ဘယ်မှမသွားတက်တော့ လမ်း မှာလဲနေတာနဲ့



Source : May La Min

admin