“မြင်သောငိုသောမျက်လုံးများ” သီချင်းနဲ့ Rock Week မှာ အကောင်းဆုံးသီဆို ယှဉ်ပြိုင်ခဲ့တဲ့ အေးမြဖြူရဲ့ ဗီဒီယို
ဇော်ဂျီ / ယူနီကုဒ်
Unicode ဖြင့်ဖတ်ပါ
★★★★★
မြန်မာအိုင်ဒေါပြိုင်ပွဲဟာလက်ရှိအချိန်မှာ အကြိတ်အနယ်ယှဉ်ပြိုင်နေကြတာဖြစ်ပြီး Top 11 မှ တစ်ယောက်ထွက်ခွာသွားခဲ့ရပြီးTop 10 ဆယ်ယောက်သာကျန်တော့တာဖြစ်ပါတယ်။ပြိုင်ပွဲဝင်တော်တေ်ာများများဟာလည်း အားပေးတဲ့ပရိသတ်အခိုင်အမာရှိနေသူတွေချည်းဖြစ်ပါတယ်။ဒါ့အပြင် winner အဖြစ်ရေပန်းစားနေသူတွေဟာလည်း ပရိသတ်စိတ်ဝင်စားခံနေရသူတွေမို့ တကယ့်ကိုအပြိုင်အဆိုင်ပါပဲ။
အဲ့ဒီအထဲကမှရေပန်းအစားဆုံးပြိုင်ပွဲဝင်တွေထဲကတစ်ယောက်ဖြစ်တဲ့သူကတော့ အေးမြဖြူဖြစ်ပါတယ်။မကြာသေးခင်ကမှတက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ အေးမြဖြူကတော့ အသက်သာငယ်ပေမဲ့ အနုပညာအရည်အသွေးကတော့ မသေးလှပါဘူး။ငယ်စဉ်ကတည်းက အဆို၊အကအပြင် သရုပ်ဆောင်စွမ်းရည်အပြည့်အဝရှိသူလေးဖြစ်တာကို ပရိသတ်တွေကလက်ခံထားပြီးသားပါ။
ဒီနေ့ညမှာတော့ အေးမြဖြူဟာ “မြင်သောငိုသောမျက်လုံးများ” သီချင်းနဲ့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့တာပဲဖြစ်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် အေးမြဖြူရဲ့ သီဆိုယှဉ်ပြိုင်မှု ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။
Video ကြည့်ရန်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Video ကြည့်ရန်
admin