ဖေဖေမြင့်မြတ်နဲ့တူပြီး တစ်နေ့တစ်ခြား ပိုပိုချစ်ဖို့ကောင်းလာတဲ့ ဂျူနီယာမြင့်မြတ်လေး





UNICODE

ပြည်သူ့အချစ်တော် သဘာဝမင်းသားအဖြစ် အနုပညာလောကမှာ ပရိသတ်တွေအခိုင်အမာနဲ့ ထိပ်တန်းကနေရပ်တည်အောင်မြင်နေတဲ့ သရုပ်ဆောင်မင်းသားချောကတော့ အကယ်ဒမီမြင့်မြတ်ပဲ ဖြစ်ပါတယ်နော်..။အောင်မြင်ကျော်ကြားတဲ့ ပရိသတ်အချစ်တော်ဖြစ်သလို ချစ်စရာကောင်းလွန်းတဲ့ သားချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး ကြည်နူးပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေသလို ဂျူနီယာမြင့်မြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သားလေးမြတ်သူလေးကလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေးပါပဲ..။

ချစ်စရာကောင်းလွန်းတဲ့ အသည်းကျော်ဂျူနီယာမြင့်မြတ်လေးကတော့ ပရိသတ်တွေရဲ့မျက်စိရှေ့တင် တဖြည်းဖြည်းအရွယ်ရောက်လာခဲ့ပြီး တစ်နေ့တစ်ခြားအသည်းယားလောက်အောင် ချစ်ဖို့ကောင်းနေတာမို့ ပရိသတ်တွေကလည်း အမြဲအချစ်ပိုနေကြတာ ဖြစ်ပါတယ်နော်..။လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြပြီး အခုတစ်ခါမှာလည်း မြတ်သူလေးတစ်ယောက် ဈေးဝယ်ထွက်နေတဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ အသည်းယားစရာအိုင်တင်လေးတွေကလည်း အမြဲအသည်းယားအချစ်ပိုစေပြီး ဖေဖေမြင့်မြတ်နဲ့တူပြီး တစ်နေ့တစ်ခြား ပိုပိုချစ်ဖို့ကောင်းနေတာလေးတွေကလည်း ပရိသတ်တွေကို သဘောကျစေတာပဲ ဖြစ်ပါတယ်နော်..။ဒီကနေ့လေးမှာတော့ ဖေဖေမြင့်မြတ်နဲ့ သားလေးမြတ်သူတို့ရဲ့ ချစ်ပရိသတ်တွေအတွက် ဈေးဝယ်ထွက်နေတဲ့ မြတ်သူလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – Myat Wai Tun’s Facebook,CRD-Myanmar Load

admin